မယ်စဲ့   ၁၀  ဇွန်          

 

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပိတ်ထားသော စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာသို့             မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့် ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ဒုတိယပညာရေးမှူး ဦးရဲမြင့်နှင့် ဆရာ/ဆရာမများ၊ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့ဝင်များက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းအတွင်း/အပြင် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် စာသင်ခုံများစနစ်တကျ စီစဉ်ထားရှိခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းနှင့်အတူ ကျောင်းဖွင့်ကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်မှုများနှင့် အညီ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုင်းလျှမ်း(ပြန်/ဆက်)