မယ်စဲ့ ၂၉ အောက်တိုဘာ
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အောက်တိုဘာ၃၀ရက် ညနေ၄နာရီ တွင် ဟိုစဲ့ကျေးရွာခန်းမဆောင်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းလင်းလင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းပန်ဖ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်း၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံး မြို့နယ်ဦးစီးမှူးဦးစိုးလှိုင်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်စန်း တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


