မယ်စဲ့၊ ၁၂ ဇန်နဝါရီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးလက်ရေးပေးရေး လုပ်ငန်းနှင့် လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ဇန်နဝါရီ ၁၁ ရက် ညနေက ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူအောင်၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးထွန်းချစ်နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ညွှန်ကြားရေးမှှူး ဦးကျော်သူအောင်နှင့်အဖွဲ့သည် ကျောက်စုကျေးရွာ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း၊ ၂ လက်မ PVC အရှည် ပေ ၂၀၄၈၀ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ (2HP) မော်တာတစ်လုံး တပ်ဆင်ခြင်းလုပ်ငန်း၊ ပန်တိန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်း အရှည်(၂/၄) မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် ကွန်ကရစ်တံတားတစ်စင်း၊ Box Culvert ၃ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


