မယ်စဲ့ ၇ ဇွန်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည့် ကျေးရွာရေရရှိရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ဇွန်၆ရက်က မြို့နယ်တည်ဆောင်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါအဖွဲ့သည် ကျောက်စုကျေးရွာ ဆရာ/ဆရာမများအိမ်ယာ (၉၀x၃၀)ပေ RC(၁)ထပ် တည်ဆောက်ခြင်းလုပ်ငန်း၊ နမ့်ပိန်းလင်ကျေးရွာ ရေရရှိရေးအတွက် အကျယ် ၆ပေ အနက် ပေ(၂၀)ရှိ လက်တူးတွင်း တူးဖော်ခြင်း လုပ်ငန်း၊ ပန်တိန်းကျေးရွာ ဘုန်းကြီးကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ ပန်းတိန်းကျေးရွာတွင်း ရေပိုက်လိုင်းဖြန့်ဝေခြင်း လုပ်ငန်းနှင့် ဂါလံ ၁၀ဝ၀ဝ ဆံ့ အုတ်ကန်တည်ဆောက်ခြင်း လုပ်ငန်း၊ ဟိုစဲ့ကျေးရွာ မြို့သစ်နှစ်ခြင်းကျောင်း အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ ဟိုစဲ့ကျေးရွာ ၄ လက်မ PVC အရှည်ပေ ၁၀ဝ၀ဝ ရေပိုက်လိုင်း လဲလှယ်ခြင်းလုပ်ငန်း၊ မယ်စဲ့-ဟိုစဲ့ အမှတ်(၂)လမ်း အရှည် (ဝ/၄.၆)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း နှင့် ပေ ၂၀ ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်း၊ ဟိုစဲ့ကျေးရွာ တောင်ပေါ်စေတီသွားလမ်းပေါ်ရှိ ပေ ၂၀ ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းနှင့် အ.ထ.က(ဟိုစဲ့)ကျောင်းအတွင်း (၆၀x၃၀)ပေ RC(၁)ထပ် သိပ္ပံဆောင်ဆောက်လုပ်ခြင်း လုပ်ငန်း အစရှိသည့် ဆောင်ရွက်ပြီးစီးသောလုပ်ငန်းများနှင့် ဆောင်ရွက်နေဆဲလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)


