မယ်စဲ့   ၄   ဇွန်    

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံ မိခင်ကလေးကျန်းမာရေးဌာနနှင့် သတ်မှတ်ထားသည့် ကျေးလက်ကျန်းမာရေး ဌာနခွဲ စုရပ်အသီးသီး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သားဖွားဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက လာရောက်ကြသည့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးမထိုးမီ ပေါင်ချိန်ခြင်း၊ မိခင်များအား ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်းတို့ ပြုလုပ်ပြီး ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန် အဆုတ်ရောင် ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေး၊ ပိုလီယို အစက်ချ ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ပုံမှန်ကာကွယ်ဆေးထိုးရာတွင် မိခင်နှင့် ကလေးငယ်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင် ၈ ဦးနှင့် နှစ်နှစ်အောက် ကလေးငယ် ၂၅ ဦး၊ စုစုပေါင်း ၃၃ ဦးအား ကာကွယ်ဆေးထိုး တိုက်ကျွေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်