မယ်စဲ့ ၆ ဇန်နဝါရီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာတွင် ဇန်နဝါရီ ၅ ရက် က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီး သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ရုတ်တရက် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မယ်ဆည်နမ်ကျေးရွာအုပ်စု၊ ကျောက်စုကျေးရွာနေ ဦးကာလို၏ နေအိမ်ခေါင်မိုးလန်သွားကြောင်း၊ လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဝတ်ရည် (ပြန်/ဆက်)