မယ်စဲ့ ၁၆ မေ  

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာတွင် မေ ၁၅ ရက် ညနေ ၆ နာရီခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃ လုံးနှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဦးမော်ဆာထူး၏နေအိမ်ပေါ်သို့ သစ်ပင်ပြိုလဲသဖြင့် နေအိမ်အမိုး (၆x၃)ပေ သွပ် ၄ ချပ်ပျက်စီးခြင်း၊ ဦးစောဆာလေး၏ နေအိမ်အမိုး (၇x၃)ပေ သွပ် ၅၅ ချပ်နှင့် မြှားတန်း ၈ ချောင်း ကျိုးခြင်း၊ ဦးစောရှော်ရှဲ၏ နေအိမ်အမိုး (၇x၃)ပေ သွပ် ၃၅ ချပ်နှင့် မြှားတန်း ၆ ချောင်း ကျိုးခြင်း၊ မူလွန်(ဟိုဂျစ်) စာသင်ကျောင်း မျက်နှာကျက် ၆ ချပ်နှင့် ကျောင်းခြံစည်းရိုးတိုင် ၄ တိုင် ပြိုလဲခြင်းတို့ ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)