မယ်စဲ့ ၂၅ ဇွန်

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေများဖြင့် မယ်စဲ့မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သည့်လုပ်ငန်းများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူး၊ မြို့နယ်တည်ဆောက်ရေးနှင့်အရည်အသွေး စစ်ဆေးရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ထီးရိုးတောရကျောင်းအဝင် မြေသားလမ်းချဲ့ခြင်းလုပ်ငန်း၊ ယင်းလမ်းပေါ်ရှိ (၁၅)ပေ ကွန်ကရစ်တံတားတစ်စင်း၊ ပေ (၃၀) ကွန်ကရစ်တံတား (၁)စင်း၊ ပေ(၃၀) ကွန်ကရစ်ရေကျော်တံတား (၁)စင်း တည်ဆောင်ခြင်းလုပ်ငန်း နှင့် အရှည် ပေ(၂၃၀ဝ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကျိုက်ထီးရိုးကျောင်းအနီး စေတီရင်ပြင် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုဂျစ်-တောင်လှ မြေလမ်း (၅/၄)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် Box Culvert (၉)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုဂျစ်-တောင်လှ လမ်းပေါ်ရှိ ပေ(၂၀) ကွန်ကရစ်တံတား(၂)စင်း၊ ပေ(၂၀) ဘေလီတံတား(၁)စင်း၊ ပေ(၅၀) ကွန်ကရစ်တံတား (၁)စင်း၊ ပေ(၂၀) ကွန်ကရစ် ရေကျော်တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုဂျစ်-ဟိုဖ-လယ်တော (၉/ဝ)မိုင် အနက်(၅/ဝ)မိုင် မြေသားလမ်းပေါ်တွင် (၄/ဝ) မိုင် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း၊ ဟိုဂျစ်-ဟိုဖ-လယ်တော လမ်းပေါ်ရှိ ပေ(၂၀) ကွန်ကရစ် တံတား(၂)စင်း၊ ပေ(၃၀) ကွန်ကရစ် တံတား(၂)စင်း နှင့် Box Culvert (၁၃)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ လမ်းဆုံ-လယ်တော လမ်းပေါ်ရှိ ပေ(၂၀) ကွန်ကရစ်တံတား (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ လမ်းဆုံ-လယ်တော(၂/၄)မိုင် ကျောက်လမ်းခင်းခြင်း လုပ်ငန်းနှင့် Box Culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ လမ်းဆုံ(အ.မ.က)ကျောင်း ပေ(၁၂၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပေ(၃၀) ပတ်လည် တန်စီးကွင်းဆောက်ရွက်ခြင်း၊ တန်ဖိုးနည်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းလုပ်ငန်းနှင့် Pipe Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ လိုအပ်ချက်ရှိသည့် လုပ်ငန်းများကို မြို့နယ်တည်ဆောက်ရေးနှင့် အရည်သွေးစစ်ဆေးရေးလုပ်ငန်းကော်မတီဝင်များက ကြီးကြပ်၍ ဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

စိုင်းလျှမ်း(ပြန်/ဆက်)