MyCO အကြောင်းသိကောင်းစရာများ

၁ သြဂုတ်

 

မြန်မာပြည်မှာပထမဆုံး  e-government အစီအစဉ်ဖြင့် ကုမ္ပဏီအွန်လိုင်းမှတ်ပုံတင်စနစ် (Myanmar Companies Online- MyCO) ကို  ၂၀၁၈  ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင်နိုင်ခဲ့ပါတယ်။ ကုမ္ပဏီတစ်ခုမှတ်ပုံတင်တဲ့အခါ      နာရီပိုင်း၊      မိနစ်ပိုင်းအပြင် အချက်အလက်ပြည့်စုံတဲ့အခါမှာတော့   နှစ်မိနစ်အတွင်းမှာပဲ  ကုမ္ပဏီတစ်ခုသည်  Registered ဖြစ်သွားပါတယ်။ ဒီလို Online    ဝန်ဆောင်မှုပေးတဲ့အတွက် အောင်မြင်မှုအများအပြားရရှိသလို Customer များ ဘက်ကလည်း  အဆင်မပြေမှုများရှိနိုင်တဲ့အတွက် Online ကို မိမိနဲ့တစ်သားတည်းဖြစ်အောင်  ကြိုတင်လေ့ကျင့်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။  ဒါကြောင့် အောက်ပါအခက်အခဲများကြုံပါက     ကူညီဖြေရှင်းနိုင်သည့်      နည်းလမ်းများရှိကြောင်းကို    သိရှိနိုင်ပါရန်အသိပေးလိုခြင်း ဖြစ်ပါတယ်။

 

ID & Password မေ့တာဘယ်လိုပြန်လည်ရယူနိုင်မလဲ


Password  မေ့တာဖြစ်တာများသော်လည်း  ID မေ့တာကတော့  မိမိရဲ့ပေါ့လျော့မှုလည်း   အများကြီး ပါဝင်ပါတယ်။ တကယ်ဖြစ်လာရင်တော့ MyCO Website  ကိုဝင်ပြီး  Log In ကိုနှိပ်ပါ၊  Did you forget your 'Login ID' or 'Password'? ကိုဆက်နှိပ်ပါ၊  Password မေ့တာဆိုရင်တော့  မိမိအကောင့် ID အမည်ကိုရိုက်၍ Submit နှိပ်လိုက်ရင်မိမိရဲ့ Gmail ထဲကို website ကနေလင့်တစ်ခုပေးပါလိမ့်မယ်။ အဲဒီလင့်ကနေဆက်သွားလည်းရပါတယ်။ ID မေ့တာဆိုရင်လည်း I forgot my Login ID  ရှေ့မှာ ကလစ်ပေး၍ မိမိ ID ဖွင့်တုန်းက  Gmail ကိုရိုက်ထည့်၍ Submit  နှိပ်ရပါမယ်။

 

Company Authority ရဲ့အောက် မိမိ  ID  ရဲ့ဘေး  Revoke ကိုနှိပ်လိုက်တဲ့အခါ   မိမိကိုယ်ကိုဒီကုမ္ပဏီရဲ့လုပ်ပိုင်ခွင့်အာဏာကို မိမိဘာသာပယ်ဖျက်လိုက်သလို ဖြစ်သွားပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် မူလ ID ဖြင့် Log In ဝင်၍    CompanyAuthority  ပြန်တောင်းရမှာဖြစ်ပါတယ်။

 

ကုမ္ပဏီတစ်ခုမှာ ID အကောင့် နှစ်ခုရှိနေခြင်း


ကုမ္ပဏီတစ်ခုမှာ  ID  အကောင့်နှစ်ခုနှင့် အထက် ရှိနေပြီးတော့  အဲဒီ ID အားလုံးကို  မိမိတစ်ဦးတည်းက သုံးနေတာဆိုရင်  အကောင့်တစ်ခုကနေ  ငွေသွင်းပြီးရင်အခြားအလုပ်တစ်ခုခုကို    ပြောင်းလုပ်ရင်သော်လည်း ကောင်း၊ ပြီးမှဆက်လုပ်မယ်ဆိုပြီး လုပ်ရင်သော်လည်းကောင်း ပထမငွေသွင်းလိုက်တဲ့အကောင့်  မဟုတ်ဘဲဒုတိယအကောင့်နဲ့ဝင်ခဲ့သော် မိမိငွေသွင်းထားတာ ဘယ်ရောက်သွားတာလဲ၊    ငွေသွင်းပြီးဖြတ်ပိုင်းရှိတယ်၊ ဘယ်လိုဖြစ်တာလဲဆိုပြီး ဇဝေဇဝါ ဖြစ်သွားစေပါတယ်။ အဲဒီအတွက် မိမိဖွင့်ထားသော ID အကောင့်တစ်ခုချင်းစီကို ပြန်လည်စိစစ်ရန်လိုပါတယ်။

 

Director & Member ရောထွေးနေခြင်း


စုရှယ်ယာရှင်များ (Members) ဒါရိုက်တာလုပ်လိုက  လုပ်လို့ရပြီး  အခြားသူတစ်ဦးဦးကို    ဒါရိုက်တာ ခန့်လိုပါက ခန့်လို့ရပါတယ်။  အဲဒါကြောင့် Director အပြောင်းအလဲဖြစ်ပါက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၁၈၉(ဂ) အရ ၂၈ ရက်အတွင်း D1 Form တင်ရမှာဖြစ်ပြီး Member နှင့် အစုရှယ်ယာတို့ အပြောင်းအလဲဖြစ်ပါက  ဥပဒေပုဒ်မ  ၇၁(က)၊  ၇၄(စ)၊  ၈၆၊  ၉၆၊  ၁၁၂  နှင့်၁၁၃  တို့အရ  ၂၁  ရက်အတွင်း  C-3 Form တင်ရမှာ ဖြစ်ပါတယ်။ Member ပြောင်းထားတာ Director မှာ မပြောင်းသေးလို့ Form တစ်ခုတည်းတင်ရင်  ရတယ်ထင်နေတဲ့   ရောထွေးမှုတွေမဖြစ်ပွားရအောင်  အသိပေး လိုခြင်းဖြစ်ပါတယ်။

 

ကုမ္ပဏီအမည်တူနာမည်အား လိုချင်ခြင်း


Website တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီအမည်နှင့် ပြန်လည်မှတ်ပုံမတင်ထားသော်လည်း Struck Off  မလုပ်ရသေးသော  ကုမ္ပဏီအမည်တို့ကိုလိုချင်ပါက မှတ်ပုံတင်အရာရှိအနေဖြင့်     ခွင့်ပြုပေးနိုင်ခြင်း  မရှိသောကြောင့်  မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၂၆ အရ ကုမ္ပဏီအမည်ပြောင်းလဲရန်     မှတ်ပုံတင်အရာရှိက  လုပ်ငန်းရှင်များသို့  အကြောင်းကြားစာ  ပေးပို့နိုင်ပါတယ်။

 

MPU/ Credit/ Visa & Master Card များဖြင့် ငွေပေးချေခြင်း


MyCO wGifMPU/ Credit/ Visa & Master Card များဖြင့် Online ငွေပေးချေရာတွင် Card မှငွေဖြတ်သွားပြီး MyCO စနစ်တွင် ငွေမဝင်ခြင်းများဖြစ် ပေါ်လာပါက  မိမိ Card  ဖွင့်သော  ဘဏ်သို့သွားရောက်၍ အကျိုးအကြောင်းရှင်းလင်းပြောပြကာ ID အမည်ပြောပြခြင်းဖြင့် မိမိအကောင့်သို့ ငွေသားပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။

 

အစုရှယ်ယာရှင်တချို့မသိရှိဘဲ မှတ်ပုံတင်ထားခြင်း


ပြန်လည်မှတ်ပုံတင်လိုသော ကုမ္ပဏီများသည် ကုမ္ပဏီ၏မှတ်တမ်းများနှင့်အတူ   ဒါရိုက်တာတစ်ဦးစီ၏ စာဖြင့်ရေးသားထားသော သဘောတူညီချက် သက်သေခံအထောက်အထားကို ထိန်းသိမ်းထားရမည်ဟု  B-1 Form မှာတင်ပြကတည်းက Form မှာပါပြီးဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီမှ MyCO System ပေါ်သို့ တင်ပြလာတဲ့ ကုမ္ပဏီအချက်အလက်များကို BOD သဘောတူညီချက်ရယူပြီးဖြစ်ကြောင်း   Documents  Examiner  မှတ်ယူမှာဖြစ်ပါတယ်။ ကုမ္ပဏီများအသစ်တည်ထောင်ခြင်း၊  ပြန်လည်မှတ်ပုံတင်ခြင်းများ  ဆောင်ရွက်ရာ တွင် အချို့သောကုမ္ပဏီများတွင်  အစုရှယ်ယာရှင်တချို့မသိ၍ သော်လည်းကောင်း၊ BOD အစည်းအဝေးတွင် ရှယ်ယာတိုးခြင်း  (သို့မဟုတ်)    လျော့ခြင်း၊  ညှိမရ၍  ပြန်လည်မှတ်ပုံတင်ခြင်းကိစ္စ    ယာယီရပ်ဆိုင်းထားရန်   ဆုံးဖြတထား၍သော်လည်း  ရှယ်ယာရှင်တချို့က  ကုမ္ပဏီပြန်လည်မှတ်ပုံတင်ခြင်း  ဆောင်ရွက်လာသည့်အပေါ် မှတ်ပုံတင်အရာရှိက အတည်ပြုပေးလိုက်ခြင်းဖြင့် ကုမ္ပဏီတွင်ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ပါက တင်ပြလာသည့်ပုံစံတွင် လျှောက်ထားသူအဖြစ်    လက်မှတ်ထိုးသူမှာသာ အဓိကတာဝန်ရှိမှာဖြစ်ပါတယ်။ အဆိုပါကိစ္စရပ်များကို ကုမ္ပဏီအတွင်း   ပြေလည်အောင်ညှိနှိုင်း၍   အဆင်မပြေပါက   တရားရုံးသို့သာ ဦးတိုက်လျှောက်ထားရမှာဖြစ်ပြီး တရားရုံး၏ဆုံးဖြတ်ချက် ရယူဆောင်ရွက်ရမှာဖြစ်ပါတယ်။

 

MyCO တစ်ခုသာ CompanyRegistration ပြုလုပ်ပေးသော Website ဖြစ်ကြောင်း


ကုမ္ပဏီများသည် ၂၀၁၇ ခုနှစ် မြန်မာကုမ္ပဏီများ ဥပဒေအတိုင်းလိုက်နာမည်ဆိုပါက   သက်တမ်းတိုးခြင်း ကိစ္စများ  မရှိတော့သလို သက်တမ်းတိုးဖို့လိုသေးလားဆိုတဲ့ မေးခွန်းများလည်း    ထပ်မံမေးမြန်းစုံစမ်းရန်မလိုတော့ပါ။ အခြား Website တစ်ခုခုတွင် ကုမ္ပဏီများ၏ သက်တမ်းတွေပါရှိနေကြောင်း တွေ့ရှိရပါက အဆိုပါ အချက်အလက်များသည်    တရားဝင်မဟုတ်ပါကြောင်းနှင့် DICA မှ   တရားဝင်အသုံးပြုနေသော    Website  ဖြစ်သည့် https://www.myco.dica.gov.mm တစ်ခုသာ  Company Online Registration ပြုလုပ်ပေးသော    Website  ဖြစ်ကြောင်း    အသိပေးရခြင်း ဖြစ်ပါတယ်။

 

ကုမ္ပဏီနှင့် သက်ဆိုင်သော အပြောင်းအလဲများတင်ပြခြင်း


ကုမ္ပဏီအပြောင်းအလဲတချို့ကို မည်သည့် Form အမျိုးအစား၊ Form  ကြေးဘယ်လောက်သွင်းရမလဲ သိရှိလိုပါက   အကူအညီ (Help) ကနေ   ပုံစံများနှင့်အခကြေးငွေများ (Prescribed Forms and Fees) ကိုနှိပ်လျှင် Form ပုံစံများနှင့် Form တစ်ခုချင်းစီ၏ ညာဘက်တွင်  သတ်မှတ်ထားသော Form ကြေးများကိုသိရှိနိုင်ပါတယ်။

 

DICA   သည်    မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)အရ  ကုမ္ပဏီများမှ  တင်ပြရန်လိုအပ်သော အချက်အလက်များအား မှတ်ပုံတင်စနစ် MyCO တွင်တင်ပြလာခြင်းများကို ထိန်းသိမ်းထားပြီး အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်သည့် CompanyRegistration သီးသန့်သာ ဆောင်ရွက်ပေးသောဌာန  ဖြစ်ပါတယ်။ ကုမ္ပဏီများကဆောင်ရွက်လိုတဲ့  လုပ်ငန်းများအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေ၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ    လုပ်ငန်းလိုင်စင်များ   လျှောက်ထားရယူဆောင်ရွက်ရန် လိုအပ်ပါတယ်။      ။

 

မောင်ဋီကာ