ဝါရှင်တန်  မတ်  ၂၅

နိုင်ငံတကာအာကာသ အေဂျင်စီ (နာဆာ)က လာမည့် ခုနစ်နှစ်အတွင်း လကမ္ဘာပေါ်၌ အခြေစိုက် စခန်းတစ်ခုတည်ဆောက်ရန် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

Gateway အာကာသစခန်း အသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များ ခေတ္တရပ်ဆိုင်းထားစဉ် အဆိုပါအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

နာဆာအကြီးအကဲ ဂျာရတ်အစ္စမန်က အမေရိကန်ဦးဆောင်သော အာတီမီ ဒုံးပျံလွှတ်တင်ရေးအစီအစဉ်အတွက် နောက်ဆုံးပေါ် မဟာဗျူဟာကို သတင်းစာရှင်းလင်းပွဲတစ်ခုတွင်  အကြမ်းဖျင်းပြောကြားခဲ့သည်။

အဆိုပါ ဒုံးပျံလွှတ်တင်မှုအစီအစဉ်သည် အာကာသယာဉ်မှူး လေးဦးကို သယ်ဆောင်သွားမည့် မစ်ရှင်တစ်ခုဖြစ်သည်။ လကမ္ဘာပေါ်သို့ လူလိုက်ပါသည့် ဒုံးပျံလွှတ်တင်ရေးခရီးစဉ်ကို  လွန်ခဲ့သည့် နှစ် ၅၀ ကျော်က အပိုလိုမှ နာဆာ၏ ပထမဆုံးသော အာကာသယာဉ်ခရီးစဉ်အဖြစ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

အဆိုပါ မစ်ရှင်သည် ၂၀၂၈ ခုနှစ်တွင် လပေါ်သို့ လူသားများ ဆင်းသက်နိုင်စေရန် နာဆာ၏ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းဖြစ်သည်။

လကမ္ဘာပေါ်တွင် အခြေစိုက်စခန်းတည်ဆောက်ခြင်း ရည်ရွယ်ချက်မှာ လပေါ်တွင် အလံများနှင့် ခြေရာများကို ချန်ထားရန်မဟုတ်ဘဲ လပေါ်တွင် လူသားများ အစဉ်အမြဲနေထိုင်နိုင်စေရန်ဖြစ်ကြောင်း ၎င်းက  ဆက်လက်ပြောကြားသည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်