ဝါရှင်တန်၊ အောက်တိုဘာ ၆
နာဆာနှင့် ဥရောပအာကာသအေဂျင်စီ (ESA) မှ အာကာသယာဉ်မှူးများသည် သိပ္ပံသုတေသနနှင့် အာကာသစခန်းပြုပြင်ထိန်းသိမ်းမှုပြုလုပ်ရန် နိုင်ငံတကာအာကာသစခန်းအပြင်ဘက်သို့ အောက်တို ဘာလအတွင်း အာကာသလမ်းလျှောက်မှု နှစ်ကြိမ်ခန့် ပြုလုပ်သွားမည်ဖြစ်ကြောင်း နာဆာက ယနေ့ ပြောကြားသည်။
နာဆာမှ အာကာသယာဉ်မှူး Loral O’Hara သည် အောက်တိုဘာ ၁၂ ရက်နှင့် အောက်တိုဘာ ၂၀ ရက်တွင်ပြုလုပ်မည့် အာကာသလမ်းလျှောက် ခြင်းလုပ်ငန်းစဉ်တွင် ဦးဆောင်ပါဝင်မည်ဖြစ်သည်။
ဥရောပအာကာသအေဂျင်စီမှ အာကာသယာဉ် မှူး Andreas Mogensen သည် ပထမအကြိမ် အာကာသလမ်းလျှောက်မှုတွင် ပါဝင်မည်ဖြစ်ပြီး ဒုတိယအကြိမ် အာကာသလမ်းလျှောက်မှုတွင် နာဆာမှ အာကာသယာဉ်မှူး Jasmin Moghbeli သည် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၂ ရက် အာကာသလမ်းလျှောက်စဉ်အတွင်း အာကာသယာဉ်မှူးနှစ်ဦးသည် အာကာသစခန်း၏ အပြင်ဘက်တွင် သေးငယ်သောဇီဝသက်ရှိများ ရှိ၊ မရှိကို ခွဲခြမ်းစိတ်ဖြာရန် နမူနာများကို စုဆောင်းရေးအတွက် စူးစမ်းမှုများ ပြုလုပ်မည်ဖြစ်သည်။
အောက်တိုဘာ ၂၀ ရက် အာကာသလမ်းလျှောက် စဉ်အတွင်း အာကာသယာဉ်မှူးများသည် အာကာသ စခန်းအပြင်ဘက်၌ ပြုပြင်ထိန်းသိမ်းမှုများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်