ဆွမ္မရာ ၈ အောက်တိုဘာ        

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများကို ကမ္ဘာ့စားနပ်ရိက္ခာ (WFP)မှ ထောက်ပံ့သည့် အာဟာရ ၁၆ မျိုးပါဝင်သည့်မှုန့်ကို မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်က ကျွေးမွေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ အာဟာရမှုန့်ကျွေးမွေးမှုဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး မြှင့်တင်နိုင်ရန်၊ အရည်အသွေးမြင့်မား၍ အဟာရပြည့်ဝသော အစားအစာ စားသုံးနိုင်မှုကို ပိုမိုတိုးတက်စေရန်၊ ကျန်းမာ၍ ခန္ဓာကိုယ်ကြီးထွားမှုမြှင့်တင်နိုင်ရန် (75g) ပါဝင်သည့် အာဟာရပြည့်မှုန့်ကို မူလတန်းကျောင်းများတွင် နေ့စဉ်ကျွေးမွေးပေးလျက်ရှိကြောင်း သိရသည်။

 

ချိန်းပေါ့(ဆွမ္မရာ)