လေရှီး ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့သည် ဟုမ္မလင်း၊ ထမံသီမှတစ်ဆင့် ကုန်ပစ္စည်းများကိုမှာယူပြီး ရောင်းဝယ်ဖောက်ကားလျက်ရှိရာ Covid-19 ရောဂါ အခြေအနေကြောင့် မော်တော်ယာဉ်လိုင်းများ ပြေးဆွဲမှု ခေတ္တရပ်တန့်ထားသဖြင့် ကုန်ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ နည်းပါးလား၍ ဝယ်ယူစားသုံးသူများအနေဖြင့် အခက်အခဲများရှိကြောင်း သိရသည်။
လေရှီးမြို့ပေါ်တွင် စျေးဆိုင်ပေါင်း (၅၁)ရှိသည့်အနက် (၄)ဆိုင်သည် Covid-19 ရောဂါပိုးတွေ့ လူနာနှင့် တိုက်ရိုက်ထိတွေမှုရှိသဖြင့် ပိတ်ထားကာ ကျန်စျေးဆိုင်များအား စည်းကမ်းနှင့်အညီ ဖွင့်ခိုင်းထားသော်လည်း ရောဂါပိုးကူးစက်မည်စိုးရိမ်သဖြင့် လက်ရှိအချိန်တွင် စျေးဆိုင်(၇)ဆိုင်သာ Covid-19 စည်းကမ်းနှင့်အညီ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း၊ မော်ယာဉ်လိုင်းကားများ ပြေးဆွဲမှုမရှိသဖြင့် ကုန်ပစ္စည်းများပြတ်လပ်ကာ ရောင်းသူနှင့်ဝယ်ယူစားသုံးသူတို့ကြား အခက်အခဲများနှင့် တွေ့ကြုံနေရကြောင်း ဈေးရောင်းသူနှင့် ဝယ်ယူသူ ပြည်သူတို့၏ ပြောကြားချက်အရ သိရသည်။
ဆိုင်းသား(မြိုနယ် ပြန်/ဆက်)


