လဟယ် ၁၇ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် စံပြကျေးရွာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၇.၅၆ သိန်းဖြင့် ဆောင်ရွက်သော ကျေလက်ဒေသမီးလင်းရေး အသေးစားရေအားလျှပ်စစ်ဖြင့် စံပြကျေးရွာတွင် ရွာလုံးကျွတ် မီးလင်းရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသေးစားရေအားလျှပ်စစ်သည် 5 KV ဖြစ်ပြီး ရေလှောင်ကန်မှာ ဂါလန် ခုနှစ်သောင်း ဆံ့လောင်ကန်ဖြစ်ကာ စံပြကျေးရွာရှိ ၂၃ အိမ်ကို ၂၄ နာရီ မီးရရှိတော့မည်ဖြစ်သည်။
ယခင်က ရေအားလျှပ်စစ် 3 KV ကိုယ်ထူကိုယ်ထစနစ်ဖြင့် မီးလင်းရေး ဆောင်ရွက်ခဲ့သော်လည်း အိမ်တိုင်း မီးမလင်းနိုင်ခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


