လဟယ် စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ကျေးရွာ/အုပ်စုများသို့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၅ ရက်မှ စတင်၍ ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ပြီး လဟယ်မြို့နယ်အတွင်း ရည်မှန်းလူဦးရေ(၂၀၀၀) အား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးကို လဟယ်မြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာအုပ်စုဖြစ်သော တိုက်ရံ၊ အံ့ပေါ်၊ မော်ဖွန်၊ မွန်တုံးရှောင်၊ မွန်တုံးညို၊ ကျေးရွာနှင့် လဟယ်မြို့နယ် အရှေ့ဘက်ခြမ်းရှိ လုံခင်၊ ယုံတိုင်း၊ ညှင်ရှောင်၊ ခါးလယ်၊ ဝုထကျေးရွာများ၊ လဟယ်မြို့နယ် တောင်ဘက်ခြမ်းရှိ ကုန်းလမ်းအုပ်စုတို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်၀င်းထံမှ သိရသည်။
လဟယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ပထမအသုတ်တွင် (၁၈၄၇)ဦး၊ ဒုတိယအသုတ်တွင်(၁၀၅)ဦး၊ တတိယအသုတ်တွင်(၂၇၃)ဦး၊ စတုတ္ထအကြိမ်တွင်(၈၇၃)ဦးနှင့် ယခုထပ်မံထိုးနှံပေးမည့် ရည်မှန်းဦးရေ(၂၀၀၀) ထိုးနှံပြီးပါက တစ်မြို့နယ်လုံးအနေဖြင့် လူဦးရေ (၅၀၀၀) ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ရှားဆက်(လဟယ်)