လဟယ် နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လဟယ်မြို့နယ် ဦးစီးမှူးရုံးမှ နာဂဒေသ လဟယ်မြို့နယ်အတွင်း ရာနှုန်း ပြည့် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၄၉၉)ကတ် ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက် မွန်းတည့် ၁၂ နာရီက လဟယ်မြို့ အမျိုးသမီးသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရပ်ကွက်ကျေးရွာအုပ်စု ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုပေးအပ်
ပေးခဲ့သည်။
ပါမင်းလှိုင်(လဟယ်)


