လဟယ် ၇ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ယခင်ကသွယ်တန်းထားသော စံချိန်မမီ ဓာတ်အားကြိုးလဲလှယ်ခြင်းနှင့် လမ်းမီးကြိုးအဆင့်မြင့်တင်ခြင်းလုပ်ငန်းကို မြို့တွင်း ရပ်ကွက်များတွင် မြို့နယ် လျှပ်စစ်ဌာမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓာတ်အားကြိုး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ခန့်မှန်းကျပ်(၇၀)သန်းဖြင့် Northern Power ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လဟယ်မြို့တွင်း ဓာတ်အားကြိုးအဆင့်မြင့်တင်ခြင်းလုပ်ငန်း (၁ ဒသမ ၂၃၇)မိုင်နှင့် လိုင်းကြိုးအသစ်လိုင်းဆွဲခြင်း လုပ်ငန်း(၁ ဒသမ ၀၉)မိုင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုအနေဖြင့် ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးဇော်ဝင်းထွန်းထံမှ သိရသည်။
ပါမင်းလှိုင်(ပြန်/ဆက်)