လဟယ် ၂၁   အောက်တိုဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂဒေသ၊လဟယ်မြို့နယ်၊ကားရော်နောက်ညူကျေးရွာတွင် အိမ်ခြေများပြီး ရေလှောင်ကန် မလုံလောက်ခြင်းကြောင့်ရှိပြီး  ယခင်က ရေပေးဝေရေးဆောင်ရွက်ခဲ့သော်လည်း   သောက်သုံးရေ အလုံလောက်မှုမရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါကျေးရွာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ (VDP)ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀ဝ) ဖြင့်ဆောင်ရွက်ခဲ့သော ကျေးလက် ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်မှုကို လဟယ်မြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့နှင့် ရုံးအဖွဲ့များ ယမန်နေ့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

 

လဟယ်မြို့နယ်အတွင်း၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ(VDP)ဖြင့် ကျေးရွာပေါင်း(၁၆)ရွာအား ခွင့်ပြုရန်ပုံငွေကျပ်သိန်းပေါင်း(၁၆၀ဝ) ဖြင့်  ရေပေးဝေရေး လုပ်ငန်းများ၊ ကျေးရွာဘက်စုံသုံး ခန်းမများဆောက်လုပ်ခြင်း၊ ပညာရေး စာသင်ဆောင်များ ဆောက်လုပ်ခြင်း၊ပညာရေး၊ ကျန်းမာရေးဆရာ/မ  နေအိမ်များ ဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးခေါင်းပေါ့ထံမှ သိရပါသည်။

 

 

ရှားဆက်၊(ပြန်/ဆက်)