နာဂဒေသ၊ ပန်ဆောင်မြို့၌ ဒေသထွက် တံမြက်စည်းများ ပြုလုပ်ရောင်းချရာ စီးပွားရေးအဆင်ပြေလျက်ရှိ

ပန်ဆောင်   မေ   ၁၆

 

စစ်ကိုင်တိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့သည် တောင်ပေါ်ဒေသ ဖြစ်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ စီးပွားရေး လုပ်ငန်းအရ ဥယျာဉ်များစွာ စိုက်ပျိုးထားရှိပြီး ယခုအခါ အိမ်သုံးတံမြက်စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့်  စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ပန်ဆောင်ဒေသရှိ တံမြက်စည်းပင်များမှာ သီးသန့်စိုက်ပျိုးရန်မလိုဘဲ လမ်းဘေးဝဲယာတွင် သဘာဝ အလျှောက်ပေါက်ရောက်လျက်ရှိရာ ဒေသခံနေများအနေဖြင့် ငွေအရင်းအနှီး စိုက်ထုတ်ရန်မလိုဘဲ မိသားစု  အပိုဝင်ငွေ ရရှိလျက်ရှိသည်။

 

ယခင်က မြို့တွင်း၌သာ ရောင်းချခဲ့သော်လည်း ရပ်နီးရပ်ဝေးဒေသများကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ဂျာယော်(ပန်ဆောင်)