ထန်ပါခွေ ဩဂုတ် ၁၅
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ တိုက်နယ်ဆေးရုံ၌ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက ရတခလရ (၂၂၉)စခန်းမှ ထန်ပါခွေမြို့ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဆေးကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆေးဗိုလ်ကြီး ရဲမင်းသူနှင့်အဖွဲ့မှ ထန်ပါခွေမြို့ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆေးဝါးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြသည်။
ထန်ပါခွေမြို့ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန်၊ ဆရာမများမရှိသည့်အတွက် ရတခလရ(၂၂၉)စခန်းမှ ဆေးဗိုလ်ကြီးနှင့်အဖွဲ့မှ ဆေးဝါးကုသပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)


