လဟယ် အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ရွှေကျင်နိကာယဉက္ကဋ္ဌ အဘိတဇ မဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော်က လဟယ်မြို့ တောင်းတန်းသာနာပြု ဗဟိုကျောင်းနှင့် လဟယ်မြို့ သီလရှင်ကျောင်းတို့အတွက် ထောက်ပံ့ငွေ လှူဒါန်းခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါကျောင်းများသို့ ကြွရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် တောင်းတန်းသာသနာပြု ဗဟိုဘုန်းတော်ကြီးကျောင်းအတွက် အလှူတော်ငွေ (၅၀)သိန်ကျပ်နှင့် လဟယ်မြို့ သီလရှင်ကျောင်းအတွက် လှူဒါန်းငွေကျပ် (၅၀)သိန်း စုစုပေါင်း ငွေကျပ်(၁၀၀) သိန်းအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် သီတဂူဆရာတော်သည် သီတဂူဆရာတော် လှူဒါန်းဆောက်လုပ်ခဲ့သော လဟယ်မြို့ပေါ်ရှိ ဓာတ်ပေါင်းစု ဆုတောင်းပြည့်စေတီကုန်းရှိ သီတဂူရိပ်သာ၊ လဟယ် အထကကျောင်းရှိ သီတဂူကျောင်းဆောင်နှင့် ကွန်ပျူတာခန်း၊ လဟယ်ပြည်သူ့ဆေးရုံရှိ သီတဂူခွဲစိတ်ဆောင်အား ကြွရောက်ကြည့်ရှုခဲ့ပြီး လဟယ်မြို့တွင် တည်ထားကိုးကွယ်တော်မူသော မြင့်မိုရ်ဦး ရွှေတိဂုံပုံတူ စေတီတော်ဘုရားသို့ ကြွရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
(လဟယ် ပြန်/ဆက်)