လေရှီး ၂၉ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် နိုင်ငံတော် အစိုးရက ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀,၀၀၀ ကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက် ရှိပါကြောင်း လေရှီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက ပြောကြားသည်။
အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့မှုအနေဖြင့် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၁၉ စု၊ စုစုပေါင်း ၂၄ အုပ်စုမှ အိမ်ထောင်စု ၂၇၈၉ စုအတွက် ထောက်ပံ့ငွေ ၅၅,၇၈၀,၀၀၀သိန်းအား ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့ ငွေပေးအပ်ရာတွင် ဌာနဆိုင်ရာမှအကြီးအကဲများနှင့်အတူ တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိ သော အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း လေရှီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး ဆက်လက် ပြောကြားသည်။
မွှေးကြူဇင်
