ထန်ပါခွေ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယနေ့ နံနက်(၇)နာရီက အားကစားကွင်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင်  နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး အားကစားအဖွဲ့အတွက် အလှူငွေကျပ် (၃)သိန်း ပေးအပ်ရာ အားကစားဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် အားကစားကွင်းအား  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ လဟယ်မြို့နယ် (န.တ.လ)ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် အားကစားအဖွဲ့ခေါင်းဆောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက်  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိ သူများက အားကစားအဖွဲ့များအား လိုက်လံနှုတ်ဆက်ပြီး အားပေးစကားများပြောကြားကာ ဘောလုံး၊ ဘောလီဘောပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)