ဒုံဟီး ၂၆ ဇွန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့ ချောင်းဆုံ-ကကြီးချမ်းမြူ ကျေးရွာကြားတွင် ပေ ၁၈၀ နှစ်လွှာတစ်ထပ် အကျယ် ၁၄ ပေရှိသော ဘေလီတံတားကို စတုတ္ထအကြိမ် အိန္ဒိယအထောက်အပံ့ဖြင့် ငွေကျပ် ၄၅၁ ဒသမ ၃၈၁ သန်းဖြင့် တည်ဆောက်လျက်ရှိကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွန်ကြားရေးမှူး ဦးအောင်တင်ကျော် ထံမှ သိရှိရသည်။
ချောင်းဆုံ-ကကြီးချမ်းမြူကျေးရွာ ဘေလီတံတား တည်ဆောက်မှုအနေဖြင့် ၅၅ ရာခိုင်နှုန်း ပြီးစီနေပြီဖြစ်သည်။ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပါက ယင်းတံတားကို ချန်ဖန်းအုပ်စု၊ ကကြီးချမ်းမြူအုပ်စု၊ ဟဟောင်အုပ်စု၊ ကော်လန်းအုပ်စု၊ ဟချွန်းဆာအုပ်စု၊ ရန်နောဆန်ရီအုပ်စု၊ ကဲဆန်ဘောက်လွန်းအုပ်စု၊ ဟရှိတ်နုတ်ညိုအုပ်စုနှင့် ကဲဆန်ဆာလင်အုပ်စု စသည့် ကျေးရွာအုပ်စုများမှ ကျေးရွာ ပေါင်း ၁၈ ရွာနှင့် ဒုံဟီးမြို့ပေါ်မှ ရက်ကွပ် ၃ ခု အိမ်ခြေ ၁၅၅၀၊ လူဦးရေ ၁၀၃၃၄ ဦးတို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မွှေးကြူဇင်


