နေပြည်တော်၊ မတ် ၃

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေ ၅၀၀ ဒဿမ ၆၁၈ ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့သော လဟယ်မြို့နယ် လဟယ် - လေရှီးမြို့နယ်ချင်းဆက်လမ်း (လဟယ်ဘက်ခြမ်း) မြေသားလမ်း ၅ မိုင်နှင့် Box Culvert ၂၀ စင်း တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ချိန်ကာလအတွင်း ရာခိုင်နှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ်များတွင် လမ်းတံတားလုပ်ငန်း၊ အဆောက်အဦဆောက်လုပ်ရေးလုပ်ငန်း၊ သာသနာရေးလုပ်ငန်း၊ တန်ဖိုးနည်း အိမ်ရာတည်ဆောက်ရေးလုပ်ငန်း စသည်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၂၂ ခုကို ခွင့်ပြုရန်ပုံငွေ ၂၃၈၉ ဒဿမ ၉၇၁ ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်