ထန်ပါခွေ၊ ၃၀ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ ကျွန်းခေါင်အုပ်စု၊ ကျွန်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဒီဇင်ဘာ (၃၀) ရက် နံနက် (၈) နာရီက စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်း ပညာပေးသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် ထန်ပါခွေမြို့စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက ရွှေ့ပြောင်းတောင်ယာ နည်းပါးရေး၊ SALT နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီ တောင်စောင်းစိုက်ပျိုးနည်းစနစ် အဆင့်(၉)ဆင့် အကြောင်းနှင့်  တောင်စောင်းစိုက်ပျိုးနည်းစနစ်သည် မြေဆီလွှာပြုန်းတီးမှုမှ ကာကွယ်ပေးနိုင်သည့်အပြင် ဝင်ငွေတိုးစေနိုင်သော နည်းစနစ်ဖြစ်သည့်အကြောင်း တို့ကို ရှင်းလင်း ပို့ချပေးသည်။

 

သင်တန်းသို့ ဌာနဆိုင်ရာများ၊ စိတ်ပါဝင်စားသော ဒေသခံတောင်သူ(၁၅)ဦးနှင့် ရပ်မိရပ်ဖများ တက်ရောက်၍ အချင်းချင်းနည်းပညာများဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ဟန်ထွန်း(အင်းဝ)