နေပြည်တော် ၁၃ သြဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဝဲခုံကျေးရွာနေ ဝင်းဇော်ဦး(ခ)ဝင်းလေး (၄၀)နှစ်ပါ နှစ်ဦးသည် ကျေးရွာအနီးရှိ ယာခင်းအတွင်း၌ သြဂုတ် ၁၁ ရက် ည ၇ နာရီ ၅၅ မိနစ်က နွားကျောင်းနေစဉ် မိုးကြိုးပစ်ခံရ၍ ၎င်းတို့နှစ်ဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ဝင်းဇော်ဦး (ခ) ဝင်းလေးပါနှစ်ဦး သေဆုံးမှုအား ပျားစည်နယ်မြေရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၉)ဖြင့် အမှုဖွင့်ရေးဖွင့်ထားရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား