ကိုလံဘို နိုဝင်ဘာ ၁၇
နားမကြားသူများအတွက် အပေါ့စားယာဉ်မောင်းလိုင်စင်ရှေ့ပြေးလုပ်ငန်းစီမံချက်ကို သီရိလင်္ကာ အစိုးရက နိုဝင်ဘာ ၁၆ ရက်တွင် စတင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ရှေ့ပြေးလုပ်ငန်းစီမံချက်ကို သီရိလင်္ကာနိုင်ငံ၏ ဒုတိယလူဦးရေ အထူထပ်ဆုံး ခရိုင်ဖြစ်သည့် ဂမ်ပါဟာခရိုင်၌ စတင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သီရိလင်္ကာနိုင်ငံ နားမကြားသူများ ဗဟိုအဖွဲ့ချုပ်၏ တောင်းဆိုမှုကို သီရိလင်္ကာအစိုးရအဖွဲ့ဝင်များက မကြာသေးမီအချိန်တွင် အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှေ့ပြေးလုပ်ငန်း စီမံချက်အောင်မြင်မှုအပေါ်မူတည်ပြီး သီရိလင်္ကာနိုင်ငံ နားမကြားသူများ ဗဟိုအဖွဲ့ချုပ်မှ အဖွဲ့ဝင် ၃၀၀၀၀၀ ခန့်အား အပေါ့စားယာဉ်များအတွက် ယာဉ်မောင်း လိုင်စင်များကို ထုတ်ပေးသွားမည်ဟု သိရသည်။
ဆင်ဟွာ