၂၈ ဧပြီ
အင်ဒိုနီးရှားနိုင်ငံမှာ နားမကြားတဲ့သူတွေအတွက် ရည်ရွယ်ထားပြီး ပါးစပ်ကို မြင်နိုင်တဲ့ မျက်နှာဖုံးကို နားမကြားတဲ့ ဇနီးမောင်နှံက ထုတ်လုပ်ကြောင်း သိရပါတယ်။
ဆူလာဝေစီကျွန်းရှိ မာကာဆာမှာနေထိုင်တဲ့ နားမကြားတဲ့ ဇနီးမောင်နှံက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မျက်နှာဖုံးကို အဝတ်စနဲ့ ပလပ်စတစ်အကြည်ရောပြီး ချုပ်ထားတာကို တခြားနားမကြားသူတွေအတွက်ပါ အထောက်အကူပြုရန် ချုပ်လုပ်တာလို့ သိရပါတယ်။
အသက် ၅၂ နှစ်အရွယ် နားမကြားတဲ့ ဖာဇာ ဘာဒါရုဒင် က ကပ်ရောဂါကြီး စတင်ချိန်ကစပြီး လူတိုင်းက မျက်နှာဖုံးဝတ်လာကြတယ်။ အဲဒီချိန် သူတို့လို နားမကြားတဲ့သူတွေဟာ အခက်အခဲကို ကြုံခဲ့ကြရတယ်။ တဖက်လူရဲ့ နှုတ်ခမ်းအလှုပ်အရှားကို ကြည့်ပြီး စကားကို နားလည်ဖို့ကြိုးစားရတဲ့ သူတို့အတွက် အတော်ဒုက္ခရောက်ကြောင်း ပြောပါတယ်။
အဲဒီအခက်ကို ဖြေရှင်းဖို့အတွက် သူတို့ဇနီးမောင်နှံက အွန်လိုင်းကနေ နားမကြားသူတွေအတွက် မျက်နှာဖုံးချုပ်ပုံကို လေ့လာပြီး ဧပြီလဆန်းပိုင်းကတည်းက စတင် ချုပ်လုပ်ရောင်းချကြကြောင်းနဲ့ သူတို့ဇနီးမောင်နှံက တစ်နေ့ကို မျက်နှာဖုံး နှစ်ဒါဇင်နီးပါး ချုပ်လုပ်နိုင်ကြောင်း ပြောပါတယ်။
မျက်နှာဖုံးတွေ အကြီး၊ အလတ် နဲ့ အသေးဆိုပြီး ဆိုဒ်သုံးမျိုး ချုပ်လုပ်ရောင်းချရာ တစ်ခုကို အမေရိကန်ဒေါ်လာ ၆၅ ဆင့် ကနေ ၉၇ ဆင့်အထိ နဲ့ရောင်းချကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP