မန္တလေး ၁၀ အောက်တိုဘာ

 

နာမည်ကြီးဒီဇိုင်နာတွေ ပါဝင်ပြသမည့် Royal Anniversary Night in Run Way wedding fair ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပွဲတွင် ဒီဇိုင်နာ မျိုးမင်းစိုး၊ ဒီဇိုင်နာ မျိုးလှိုင် (တင့်လှပေဟန်)၊ ဒီဇိုင်နာ ကျော်ထက်အောင်၊ Burmese မဟေသီ၊ ဒီဇိုင်နာ Wawbilay တို့ရဲ့ မင်္ဂလာဝတ်စုံဒီဇိုင်းများ ပြသမည်ဖြစ်သည်။

 

''Run Way wedding fair ကို နှစ်စဉ်ကျင်းပနေကျ ဖြစ်ပါတယ်။ ဒီနှစ်မှာ တော်ဝင်စိန်တိုက် တစ်နှစ်ပြည့်နဲ့ တိုက်ဆိုင်ပြီး ဆောင်ရွက်ဖြစ်ပါတယ်''ဟု ပွဲစီစဉ်သူ ကိုရဲရင့်ကျော်က ပြောသည်။ 

 

မြန်မာ မင်္ဂလာဝတ်စုံ၊ အနောက်တိုင်း မင်္ဂလာဝတ်စုံ၊ ပွဲတက်ဝတ်စုံတွေ ပြသမည်ဖြစ်ပြီး wedding fair ကို မန္တလေးမြို့ Helton ဟိုတယ်တွင် အောက်တိုဘာ ၂၀ ရက်၌ ကျင်းပသွားမည်ဖြစ်သည်။

 

အိမို့မို့ခိုင်
Photo - Myo Hlaing facebook