ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်များကို ကြာသပတေးနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အုပ်စု (C) ပွဲစဉ်အဖြစ် လီဗာပူးအသင်းနှင့် နာပိုလီအသင်းတို့၏ ပွဲစဉ်တွင် လီဗာပူးအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။
ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ရန် ယခုပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် အလွန်အရေးပါနေခဲ့ပြီး နာပိုလီအသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ လက်ခံယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးအသင်းက ပွဲချိန် ၃၄ မိနစ်တွင် သွင်းယူခဲ့သည့် ဆာလာ၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
အုပ်စု (C) ၏ အခြားပွဲစဉ်အဖြစ် ဇဗက်ဒါအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့၏ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက ဇဗက်ဒါအသင်းကို တစ်ဂိုး လေးဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
အုပ်စုပွဲစဉ်များအပြီးတွင် ပီအက်စ်ဂျီအသင်းနှင့် လီဗာပူးအသင်းတို့မှာ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့ပြီး နာပိုလီအသင်းမှာ ယခုပွဲစဉ်ရှုံးနိမ့်ခဲ့ခြင်းကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားရမည်ဖြစ်သည်။
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ရလဒ်များ
ဂါလာတာစာရေး ၂ - ၃ ပေါ်တို
ရှော်လ်ကေး ၁ - ၀ လိုကိုမိုးတစ်မော်စကို
ကလပ်ဘရုဂေး ၀ - ၀ အက်သလက်တီကို
မိုနာကို ၀ - ၂ ဒေါ့မွန်
ဘာစီလိုနာ ၁ - ၁ စပါး
အင်တာမီလန် ၁ - ၁ PSV
ဇဗက်ဒါ ၁ - ၄ ပီအက်စ်ဂျီ
လီဗာပူး ၁ - ၀ နာပိုလီ
MDN