နွားထိုကြီး ၂၄ နိုဝင်ဘာ
နွားထိုးကြီးမြို့တွင် ဒုတိယအကြိမ်ကျင်းပသည့် ကလေးစာပေပွဲတော်ကို အခြေခံပညာ အထက်တန်း ကျောင်းအတွင်း၌ နိုဝင်ဘာ ၂၃ ရက် နံနက် ၈ နာရီမှ စတင်ဖွင့်လှစ်ခဲ့ရာ လာရောက်ပြသ ရောင်းချသည့် စာအုပ်ဆိုင်များ ရောင်းကောင်းလျက်ရှိသည်။
ကလေးစာပေပွဲတော်တွင် စာအုပ်တိုက်များမှ ဗဟုသုတဖြစ်ဖွယ်ရာ စာအုပ်များ၊ သုတရသစာအုပ်များ၊ သင်ထောက်ကူစာအုပ်များ၊ ဘာသာရေးဆိုင်ရာစာအုပ်များ၊ အတွေးအခေါ် စာအုပ်များ၊ ကြီးပွားရေးစာအုပ်များအပြင်၊ လူငယ်များ စိတ်ဝင်စားသည့် ကာတွန်း၊ ပုံပြင် စသည့် စာအုပ်ပေါင်းစုံများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိရာ နန်းတော်ဝင်စာပေ၊ မမာလာစာပေ၊ စောဦးစာပေ၊ မော်စာပေ၊ မိဘမေတ္တာ စာပေ စသည့်စာအုပ်တိုက်များမှ လာရောက်ခင်းကျင်း ရောင်းချပေးလျက်ရှိသည်။
နန်းတော်ဝင်စာပေမှ ဒေါ်လေးမွန်က “စာအုပ်များ ရောင်းကောင်းပါတယ်၊ မနှစ်ကလည်း လာရောက်ပြသ ရောင်းချပေးခဲ့ပါတယ်”ဟု ပြောသည်။
မိမိတို့မြို့တွင် ယခုလို တစ်နေရာထဲတွင် စာအုပ်မျိုးစုံအား စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့် ရရှိသဖြင့် ကျေနပ်မိကြောင်း” စာအုပ်လာရောက်ဝယ်သူ ဦးတင်အောင်က ပြောသည်။
မော်စာပေမှ “ဦးဝင်းဗိုလ်က မိမိတို့စာအုပ်တိုက်များ ယခုလို နယ်လှည့် ရောင်းချခြင်းဖြင့် ဒေသန္တရ ဗဟုသုတများလည်း ရရှိပါတယ်၊ စာအုပ်များလည်း ရောင်းကောင်းပါတယ်”ဟု ပြောသည်။
နွားထိုးကြီးမြို့၏ ဒုတိယအကြိမ် ကလေးစာပေပွဲတော်တွင် စာအုပ်တိုက်များမှ တရားဓမ္မစာအုပ်များ၊ လောကီရေးရာ တက်ကျမ်းများ၊ အဘိဓာန်များ၊ ဝတ္ထု၊ ပုံပြင်စာအုပ်များ၊ ကဗျာ၊ ကျောင်းသားများအတွက် သင်ထောက်ကူ စာအုပ်များကို စာအုပ်ဆိုင်ပေါင်း (၃၀)ကျော်မှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)


