နွားထိုးကြီး  ၂၉   အောက်တိုဘာ 

 

နွားထိုးကြီးမြို့နယ်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲပုံးများ အလွတ်ဖြစ်ကြောင်းကို ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများ၏ရှေ့မှောက်တွင် ပြသပြီး လုံခြုံ ရေးကြိုးဖြင့်ချိပ််ပိတ် တပ်ဆင်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သည့် မဲဆန္ဒရင်ပြည်သူများ၊ Quarantine Centre များတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသည့် မဲဆန္ဒရှင်များ၊ အသက်၆၀ နှစ်နှင့်အထက်အသက်ကြီး မဲဆန္ဒရှင်များကို ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိသတ်မှတ်နေရာများတွင် ကြိုတင် ဆန္ဒမဲပေးနိုင်ရေးနှင့် မသန်စွမ်းသူများကို နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်ရွေ့လျား မဲရုံစနစ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရက်ကွက် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူထံမှ သိရသည်။

နွားထိုးကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များနှင့် အညီ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။

သန်းအောင်ဇော်