နွားထိုးကြီးမြို့နယ်၌ ပြည်ပမှပြန်လာသူများအား သီးသန့်စောင့်ကြည့်နေရာ (၆၅)နေရာတွင်ထားရှိ

နွားထိုးကြီး  ၇ မေ

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ နေရပ်ပြန်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Facility Quarntine သီးသန့်နေထိုင်စောင့်ကြည့်မှုများကို ရပ်ကွက်/ကျေးရွာများရှိ အမကကျောင်း (၆၅) နေရာ၌ ဆောင်ရွက်ထားကြောင်း သိရသည်။

 

နွားထိုးကြီးမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်ပမှ ပြန်လာသူ ကျား (၅၁၁) ဦး၊ (၁၆၉) ဦး၊ စုစုပေါင်း (၆၈၀)ဦးတို့အတွက် Facility Quarntine သီးသန့်နေထိုင်စောင့်ကြည့်မှုနေရာ (၆၅)ခု၌ ထားရှိပြီး တာဝန်ရှိသူများက နေ့စဉ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

သန်းအောင်ဇော်(ပြန်/ဆက်)