နွားထိုးကြီး စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ မြေပဲလှိုင်လှိုင်ထွက်ပြီဖြစ်၍ ပဲတောင်သူတွေ ယခုနှစ်၌ မြေပဲဈေးရော အထွက်ရော ကောင်းမွန်ကြောင်း မဟာမြိုင်ပွဲရုံမှ သိရသည်။
မြေပဲဆံတစ်ပိဿာ ၂၀၀၀ ဈေးရပြီး ပဲအရည်အသွေးလည်းကောင်း၍ နွားထိုးကြီးမြေပဲဆံကို မြင်းခြံ၊ မန္တလေးသို့ ယမန်နှစ်ကထက် ကားစီးရေ ပိုမိုပို့နေရကြောင်း သိရသည်။ ယခုမြေပဲမှာ ပင်ထောင်မြေပဲ ဖြစ်၍ ဆီကြိတ်သည်ထက် မျိုးပဲအဖြစ်ဝယ်ယူမှု များသည်။ နွားထိုးကြီး ကုန်းပဲကို မြေနုကျွန်းများတွင် ကျွန်းပဲအဖြစ် စိုက်ရန်ဝယ်ယူကြခြင်း ဖြစ်သည်။
ဌေးမြင့်မောင်


