နွားထိုးကြီး ဇူလိုင် ၁၁

 

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး ကိုဗစ်ကော်မတီက လမ်းပြင်ထွက်လျှင် နှာခါင်းစည်း (Mask) တပ်ကြရန်နှင့် နှာခါင်းစည်း (Mask) မတပ်ဘဲ အပြင်ထွက်ပါက အရေးယူ ဒဏ်ရိုက်မည်ဖြစ်ကြောင်း    ဇူလိုင် ၁၀ ရက်က နွားထိုးကြီးမြို့ပေါ် (၈) ရပ်ကွက်ကို လိုက်လံအသိပေး ကြေညာခဲ့သည်။

 

နွားထိုးကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့သူ ၁၄၀ ရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း We Love Natogyi အဖွဲ့မှ သိရသည်။

 

ယခုအခါ နွားထိုးကြီးစည်ပင်ဈေးကို နေ့ဝက်ဖွင့်ပြီး မြို့ပေါ်စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ခွင့်ပြုထားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို ဆောင်ရွက်လျက်ရှိသည်။

 

ခင်ဇာမွန်မြင့်(ဥပဒေ)