နေပြည်တော် ဇွန် ၂

 

Naypyitaw State Academy ပညာသင်နှစ် ဒုတိယပညာသင်ကာလ သင်တန်းများ အားလုံးကို ယနေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက် ရှိသည်။(ယာပုံ)

 

Naypyitaw State Academy ၏ အတန်းအသီးသီးသို့ ကျောင်းတက်ရန် လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားစေရေးအတွက် တက္ကသိုလ်၏ခေတ္တ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများက လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးကြသည်။

 

Naypyitaw State Academy တွင် ၂၀၂၄-၂၀၅ ပညာသင်နှစ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းအင်းပညာ၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ပညာ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ ဥပဒေပညာ၊ လူမှုရေး ပညာ၊ အားကစားပညာနှင့်ဆေးပညာ အထူးပြု ဘာသာရပ်များ၏ ပထမနှစ်မှ နောက်ဆုံးနှစ်ဂုဏ်ထူး တန်းအထိ ဘွဲ့ကြိုသင်တန်းများ၊ မဟာအရည်အချင်း စစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်းများကို ဖွင့်လှစ် သင်ကြားလျက်ရှိသည်။ Naypyitaw State Academy တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်း တာဝန်ထမ်းဆောင်နေသော အစိုးရဝန်ထမ်း မိသားစုများ၏ သားသမီးများ၊ ပျဉ်းမနား၊ နေပြည်တော်(သို့မဟုတ်) လယ်ဝေး၊ တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏ သီရိမြို့နယ်များမှ ကျောင်းသား ကျောင်းသူများ တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

သတင်းစဉ်