နေပြည်တော် ဇန်နဝါရီ ၆
Naypyitaw State Academy ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပရာ Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ လူမှုရေးပညာအထူးပြု မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေး၊ ဥပဒေ၊ အားကစား၊ ဆေးပညာအထူးပြု ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ထိပ်တန်းတက္ကသိုလ် တေးသီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာ နုနုလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာ စိုးစိုးအောင်က သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက Naypyitaw State Academy တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


