နေပြည်တော် ဩဂုတ် ၁၅

Naypyitaw State Academy၊ အားကစားနှင့် ကာယပညာကော်မတီက ကြီးမှူး၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် Naypyitaw State Academy၊ အားကစားခန်းမ၌ ကျင်းပရာ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြသည်။

ပြိုင်ပွဲမစတင်မီ ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင် နှင့် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝင်း တို့က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲများကို စတင်ကျင်းပသည်။ စစ်တုရင်ပြိုင်ပွဲ အမျိုးသားပွဲစဉ်နှင့်  အမျိုးသမီးပွဲစဉ်များကို ဆွစ်စနစ်ဖြင့် ပတ်လည် (၅)ချီ စီ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုပေးပွဲ အခမ်းအနားကို မွန်းလွဲ ၂ နာရီခွဲတွင် ကျင်းပသည်။ အမျိုးသားပွဲစဉ် တွင် ဆုရရှိသူများကို  ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင် ကလည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် ဆုရရှိသူများကို ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင် ကလည်းကောင်း၊ ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်