နေပြည်တော် ဇူလိုင် ၂
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် Naypyitaw State Polytechnic University (NSPU)ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်အတွက် မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပါမောက္ခချုပ်(တာဝန်)၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပထမဆုံးပွဲစဉ်အဖြစ် Synergy အသင်းနှင့် EC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ EC အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါ မိုးရာသီဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှ ၁၄ ရက်အထိ ပြိုင်ပွဲဝင်အသင်း ခြောက်သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)


