အင်းတော်  ၁၇   အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နဘားကျေးရွာ၌ ယနေ့နံနက်ပိုင်းက တီဗွီမီးပလပ်ခုံ အပူလွန်ကဲရာမှ ဝိုင်ယာရှော့ခ်ဖြစ်ကာ နေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း အင်းတော်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီခွဲက အင်းတော်မြို့နယ်၊ နဘားကျေးရွာ၊ ဘူတာစုရပ်ကွက်ရှိ ဦးမျိုးမင်းသန့်၏ နေအိမ်တွင် မီးလောင်ကျွမ်းနေကြောင်းသတင်းအရ အင်းတော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှမျိုးလွင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ နေအိမ်တွင် တပ်ဆင်အသုံးပြုထားသည့် တီဗွီစင်ရှိ လျှပ်စစ်မီးပလပ်ခုံအပူလွန်ကဲကာ ဝိုင်ယာရှော့ခ်ဖြစ်၍ နေအိမ်မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင် ကျွမ်းမှုကြောင့် နေအိမ်တစ်လုံး၊ ဒိုင်နာယာဉ်ဦးခေါင်းပိုင်းနှင့် ကားတာယာများ မီးလောင်ကျွမ်းခဲ့ကာ ဦးမျိုးမင်းသန့်နှင့်ဇနီးဖြစ်သူ ဒေါ်ခင်ခင်လှိုင်တို့ နှစ်ဦး၏ကျောပြင်တွင် မီးဟပ်ဒဏ်ရာရရှိခဲ့၍ အင်းတော်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

 

မီးလောင်ကျွမ်းမှုကြောင့် ဦးမျိုးမင်းသန့်အား နဘားနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)

 

mdn