ခန္တီး ၂၄  ဒီဇင်ဘာ    

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ၂၀၂၀ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်၊နှစ် (၃၀) ပြည့် ပုလဲရတုပွဲတော်ကို ဇန်နဝါရီ ၁၅ ရက်နေ့တွင် ခန္တီးမြို့နာဂရိုးရာကွင်းမှာ  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

8

 

နာဂရိုးရာနှစ်သစ်ကူးပွဲမုဒ်ဦးပုံစံကို ယခင်နှစ်များနှင့်မတူအောင် နာဂရိုးရာ (ပန်) ပုံစံနဲ့ တူအောင် ပြုလုပ်နေပါတယ်။ ရိုးရာကွင်းထဲဝင်လိုက်တာနဲ့ နာဂရိုးရာရဲ့ အငွေ့အသက်၊   ကောင်းခြင်း၊  ကောင်းမှု မင်္ဂလာခံစားလို့ရအောင် အရင်နှစ်ထက် ဒီနှစ်ကပိုပြီး ထူးခြားအောင်ပြုလုပ်နေပါတယ်။ ဟု နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဦးအောင်ထွဋ်ကပြောသည်။

 

8520

 

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီးမြို့နယ်များမှ ရိုးရာအကအဖွဲ့ (၁၄၀ဝ) ဦး လာရောက်ကြမည်ဖြစ်သည်။ ယခင်နှစ်များနှင့် မတူအောင် ယခုနှစ်တွင် မုဆိုးလှံပစ်ပြိုင်ပွဲနှင့် ရိုးရာထင်းခုတ်ပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပြခန်းတွင် နာဂရိုးရာ အသုံးအဆောင်ပစ္စည်းများပြခန်း၊ ရိုးရာ လက်မှုပြခန်း၊ ရိုးရာရက်ကန်းစင်ပြခန်း၊ ရိုးရာပန်းပဲပြခန်းများ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

7

 

စနေမောင်(ခန္တီး)