ကျိုင်းတုံ၊ စက်တင်ဘာ ၂၅

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျ‌ရောက်မည့်နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်ခဲ့ကြသည်။

 

စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၁၃၀ တို့က ဆေးရုံကြီးဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များ၊ သစ်ရွက်ခြောက်များ ဖယ်ရှားရှင်းလင်းခြင်း၊ သစ်ပင်များ၊ သစ်ကိုင်း၊ ခြုံနွယ်များ အမြင်တင့်တယ်စေရေးနှင့် လေဝင်/လေထွက် ကောင်းမွန်စေရေး ခုတ်ထွင်ဖယ်ရှားရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆယ်ယူရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါစုပေါင်း သန့်ရှင်းလုပ်အားပေးပွဲသို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (ကျိုင်းတုံ) ရဲမှူးကြီးအေးသိန်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ‌ဒေါက်တာစည်သူအောင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဝင်း၊ အမှတ် (၇) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သန်းအောင်နှင့် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး (ယာယီ) ဒုတိယရဲမှူးကြီး အောင်မြင့်ကြည်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်များကို ရေသန့်ဗူး၊ လက်ဖက်ရည်၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်းသိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)