လှိုင်းဘွဲ၊  ၇  ဒီဇင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဒီဇင်ဘာ ၇ ရက်နေ့က ဆောင်ရွက်ခဲ့သည်။

           

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ နေ့ထူးနေ့မြတ်အကြောင်းကို ပြည်သူများသိရှိစေရန် အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အထက်ပိန္နဲတောကျေးရွာ အလယ်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခိုင်စံပယ်လင်းက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့ သတ်မှတ်ရခြင်း၏အကြောင်းအရာများ၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်နှင့် မိမိတို့ဌာနအနေဖြင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု အမှတ်တရစကားတို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)