ကျိုင်းတုံ ၂၀  နိုဝင်ဘာ

 

နှစ်(၃၀)ပြည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မှုလတန်းကြိုကျောင်းများ၊ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိကမှုလတန်းကြိုကျောင်းများမှ ရင်သွေး ငယ်လေးများက တေးသီချင်း၊ အကများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဒုတိယ အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရသူများက ရင်သွေးငယ်လေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်းသိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)