နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ရန်ကုန် ၁၃ ဒီဇင်ဘာ 

နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့ဗိမာန်စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဦးရဲနောင်ချစ်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ဒေါ်ခင်လပြည့်ဝန်းက မြန်မာတိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် အသက်သွေးချွေးများ စတေးပြီး လွတ်လပ်ရေးကို အရယူခဲ့ကြသည့်အကြောင်းကို ဟောပြောဆွေးနွေးကာ ကလေးငယ်လေးများက ဂုဏ်ပြုကဗျာများကို ရွတ်ဆိုယှဉ်ပြိုင်ကြသည်။ ယင်းနောက် ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိကြသည့် ရင်သွေးငယ်လေးများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့ ပုဇွန်တောင်မြို့နယ် အလက(၁)မှ ရင်သွေးငယ်လေးများက လာရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆရာမများနှင့် မိဘပြည်သူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)