ရမည်းသင်း မေ ၃
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ရမည်းသင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိအောင်မင်္ဂလာ အနောက်ဘုန်းကြီးကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကာ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းကြသည်၊၊
ရမည်းသင်းခရိုင် မီးသတ်သတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းနှင့် တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် တပ်ဖွဲ့ဝင် ခုနစ်ဦးနှင့် မိသားစုဝင်တစ်ဦးတို့အား အားဆေး၊ ကြက်ဥနှင့် အချိုရည်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


