ရန်ကုန် ၃၁ မတ်
ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးတင်ဆက်ထားသော နှစ်မင်္ဂလာရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလ ၅ ရက်နေ့မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို စန္ဒာလင်းစီစဉ်၍ ထုတ်လုပ်သူအဖြစ် ဦးဇော်မင်းက တာဝန်ယူထားကာ ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် ပြည်ဟိန်းသီဟက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ အဓိကသရုပ်ဆောင်များအဖြစ် ခန့်စည်သူ၊ ရွှေမှုံရတီ၊ ယုသန္တာတင်တို့ပါဝင်ပြီး ဒိန်းဒေါင်၊ တက္ကသိုလ်ဂွမ်းပုံ၊ ကျော်ထူး၊ ဆင်မ၊ အုန်းသီး၊ ကေညီ၊ စူပါလင်း၊ သွက်လက်၊ စိုပြေ၊ အိုကေ၊ အေးချမ်း၊ တိမ်ညွှန့်၊ ဦးမိုးစိနှင့် ဟာသသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။
ဇာတ်လမ်းတွင် ကပ်စေးနှဲလူပျိုကြီး ကိုတင်မောင်တစ်ယောက် လူ့လောက သတို့သမီးလောင်းနှင့် ဝိညာဉ် လောကမှ ပြိတ္တာမလေးတို့အကြား အချစ်လွန်ဆွဲပွဲကို ဟာသနှောကာ ရိုက်ကူးထားသော ဇတ်ကားတစ် ကားဖြစ်သည်။ ဇာတ်ကားတွင် ရိုက်ကွင်းရိုက်ကွက်များ၊ ကင်မရာအယူအဆများ၊ အသံစနစ်များကောင်းမွန် သော်လည်း ဇာတ်ကားတစ်ခုလုံး၏ ဆိုလိုရင်းကို မတွေ့ရှိရချေ။ ပရိသတ်ရင်ထဲသို့ တစ်စုံတစ်ခုတွယ်ငြိစေ ကာ ရသတစ်မျိုးမျိုးခံစားရနိုင်သည့် ဇာတ်ဝင်ခန်းမျိုး မပါရှိပေ။
ဖူးပြည့်