ကိယက်ဗ်မော်စကို မတ် ၁

 

လွန်ခဲ့သော သီတင်းပတ် စစ်ရေးကျူးကျော်ချိန်မှစကာ ယူကရိန်းနှင့် ရုရှားကိုယ်စားလှယ်များသည် ပထမဆုံးအကြိမ် ဆွေးနွေးပွဲစတင်ခဲ့ကြသည်။ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၂၈ ရက်က ယူကရိန်းနယ်စပ်အနီး ဘယ်လာရုဇ် အရှေ့တောင်ပိုင်းတွင် တွေ့ဆုံခဲ့ကြသည်။

 

ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမှာ ချက်ချင်းအပစ်ရပ်စဲရန်နှင့် ယူကရိန်းမှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာရန်ဖြစ်ကြောင်း ယူကရိန်းသမ္မတရုံးက ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ပြောကြားလိုက်သည်။ ထို့အပြင် ရုရှားက ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ထဲမဝင်ကြောင်း တရားဝင်အာမခံချက်ကို အလိုရှိနေကြောင်း သိရသည်။ ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွင် ပြည်သူ့ဝန်ထမ်းပါတီမှ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေးဗစ် အာရာခါမီယာ၊ ကာကွယ်ရေးဝန်ကြီး အိုလက်ဆီး ရက်ဇ်နီကော့ဗ်နှင့် သမ္မတရုံးအကြီးအကဲ အကြံပေး မိုင်ခေးလိုပိုဒိုလစ်တို့ ပါဝင်သည်။

 

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ရုရှားကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားဝန်ကြီးဌာန ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်များနှင့် တခြားအစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း ပြောကြားသည်။

 

ရုရှားမြေပြင်တပ်ဖွဲ့များသည် ယူကရိန်း မြို့တော်ကိယက်ဗ်နှင့် ဒုတိယအကြီးဆုံးမြို့တော် ခါကိဗ်ကို ရောက်ရှိရန် တဖြည်းဖြည်းနီးကပ်လာပြီ ဖြစ်သည်။

 

ဆင်ဟွာ