mdn

ကလျာမိုးမြင့် - ရေးသားသည်

 

မေရိကန်နဲ့ အီရန်နိုင်ငံတို့အကြား စစ်ရေးတင်းမာမှုအခြေအနေတွေကို နားစွင့်ကြည့်လိုက်မယ်ဆိုရင် အီရန်ဟာ လူသိရှင်ကြားဖြစ်အောင် အသေးစိတ် ထုတ်မပြောတာက လွဲလို့ အမေရိကန်မှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်လာဖို့ အလားအလာမျိုးရှိတဲ့ ကြိုတင်ပြင်ဆင်မှုတွေရှိနေတယ်လို့ သတင်းထွက်ပေါ်မှုတွေ ရှိနေပါတယ်။

 

သံရုံးဝန်ထမ်းတွေကို လျှော့ချ

 

ဒီလိုအခြေအနေမှာ အမေရိကန်က အကူ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ရေးအုပ်စုတွေကို အရှေ့ အလယ်ပိုင်း ဒေသဆီစေလွှတ်ခဲ့သလို အီရတ်နိုင်ငံ မှာရှိနေကြတဲ့ အမေရိကန် အမှုထမ်းတွေကိုလည်း အရေးပေါ်အခြေအနေတွေအတွက် ကြိုတင် ပြင်ဆင် ထားတဲ့အနေနဲ့ အီရတ်ကနေ ထွက်ခွာကြဖို့ မြန်မြန်ဆန် ဆန်အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ပြီးတော့ အီရတ်မှာရှိနေတဲ့ အမေရိကန်သံရုံး ဝန်ထမ်းတွေကို လျှော့ချဖို့ လည်း လုပ်ဆောင်နေ ပါတယ်။

 

အမေရိကန်က အီရန်ကို အသိပေးလိုက်တဲ့ မက်ဆေ့ချ်ကတော့ ခပ်ရှင်းရှင်းလေးပါပဲ။ အမေရိကန်ကို ဘယ်နေရာ ဘယ်အရင်းအမြစ်ကနေ ပစ်မှတ်ထားတိုက်ခိုက်လာသည်ဖြစ်စေ၊ တိုက်ခိုက် လာသူဟာ အီရန်ပဲ ဖြစ်ဖြစ် အီရန်ရဲ့ ဒေသတွင်း မဟာမိတ်အပေါင်းအဖော်တွေကပဲဖြစ်ဖြစ် စစ်ရေးအရ သိသိသာသာနဲ့ ထိထိရောက်ရောက် တုံ့ပြန် မှုမျိုးနဲ့ တွေ့သွားစေရမယ်လို့ အမေရိကန်က အသိပေးထားပါတယ်။

 

ဝေဖန်မှုတွေပေါ်ထွက်

 

အီရန်ဘက်က ထောက်ခံသူတွေကတော့ ဒီပြဿနာဖြစ်ပေါ်လာရခြင်းအတွက် အမေရိကန်ကိုပဲ တိုက်ရိုက် အပြစ်ပုံချလိုက်ကြပါတယ်။အီရန်အနေနဲ့ ဒီလိုရှုမြင်ခြင်းက အဆန်းမဟုတ် ပေမယ့်လည်း သမ္မတထရမ့် အစိုးရအဖွဲ့ရဲ့ ဒီလိုချဉ်းကပ်ပုံမျိုးကိုတော့ ပြည်တွင်းမှာဝေဖန် မှုတွေ အများအပြားပေါ်ထွက်ခဲ့ပါတယ်။ တကယ် တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပုံအနည်းအများ သာကွာမယ်။ မစ္စတာထရမ့်ရဲ့ အဓိကဥရောပ မဟာမိတ် အများစုကလည်း ဒါနဲ့ပတ်သက်ပြီး စိုးရိ်မ်နေကြတဲ့သူတွေချည်းပါပဲ။

 

အုပ်ချုပ်ရေးအပြောင်းအလဲကိုလိုလား

 

ထရမ့်ရဲ့ အစိုးရအဖွဲ့အတွင်းမှာ အီရန်နဲ့ ပတ်သက်လာရင် သဘောထားတင်းမာတဲ့သူတွေ အထူးသဖြင့် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန် သို့မဟုတ် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး မိ်ုက်ပွန်ပီအိုလို လူတွေကတော့ ခွင့်အရေးတစ်ခုကို အာရုံခံမိနေသလိုပါပဲ။ ၎င်းတို့ဖြစ်စေချင်တဲ့ လိုလားချက်ပန်းတိ်ုင်ကတော့ အီရန်ရဲ့ အုပ်ချုပ်ရေးစနစ် အပြောင်းအလဲဖြစ်ပြီး အကယ်၍အီရန်အပေါ်မှာ စီးပွားရေးအရ အကြီး အကျယ် ဖိအားပေးထားတာတွေဟာ ၎င်းတို့ တစ်ထစ်ချ ယုံကြည်ထားသလို အလုပ်မဖြစ်ဘူး ဆိုရင် သင့်တော်တဲ့ အခြေအနေအချိန်အခါတစ်ခုမှာ စစ်ရေးအရ ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်ကို ထုတ်ပယ်ထားလို့ မရနိုင်ဘူးလို့ ကျွမ်းကျင်သူတွေ က မှတ်ချက်ချလျက်ရှိပါတယ်။

 

စာချုပ်ကို လိုက်နာတော့မည်မဟုတ်

 

သမ္မတထရမ့် တာဝန်ထမ်းဆောင်တဲ့အချိန် ကစပြီး ယနေ့အထိကတော့ အမေရိကန်နဲ့ အီရန် ကြားက ပဋိပက္ခအခြေအနေဟာ ပိုဆိုးလာခဲ့သလို အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအစိုင် အခဲတွေကလည်း ကြီးထွားလာနေပါတယ်။ ၂၀၁၅ ခုနှစ်က ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုခဲ့တဲ့ နျူကလီးယားသဘော တူစာချုပ်အရ အီရန် အပေါ် ပိတ်ဆို့မှုတွေဖယ်ရှားပေးထားတဲ့ အမေရိကန်က အဲဒီပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်လိုက် တာကြောင့်လည်း အီရန်ရဲ့ စီးပွားရေးဟာ ဆုတ်ယုတ်လာနေပါတယ်။ နျူကလီးယား အရေးလှုပ်ရှားဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းကန့်သတ်ချက်တွေကိုလည်း လိုက်နာ ဆောင်ရွက်တော့မှာမဟုတ်ဘူးလို့ အီရန်ကဆိုထား ပြီဖြစ်ပါတယ်။

 

ဖိအားပေးမူဝါဒကျင့်သုံးလာ

 

သမ္မတထရမ့်ဟာ လွန်ခဲ့တဲ့တစ်နှစ်အကြာက အမေရိကန်ကို နျူကလီးယားသဘောတူစာချုပ် ကနေ ဖယ်ထုတ်လိုက်ပြီး အီရန်အပေါ်အပြင်းစား ဖိအားပေးမယ့် မူဝါဒတစ်ရပ်ကို စတင်ကျင့်သုံးလာ ခဲ့ပါတယ်။ နိုင်ငံအပေါ်ကျရောက်လာတဲ့ ဖိအားဒဏ်ကို အလူးအလဲခံနေရတဲ့ အီရန်က ၎င်းရဲ့စီးပွားရေး အထိနာနေရတဲ့ ကိစ္စကို အကူအညီပေးနိုင် အောင်များများလုပ်ဆောင်ကြဖို့ ဥရောပနိုင်ငံသား တွေကို တိုက်တွန်းနေပြီး အကယ်၍ ဥရောပနိုင်ငံတွေက မကူညီဘူးဆိုရင် အဲဒီနိုင်ငံတွေရဲ့လုပ်နိုင် စွမ်းကိုတွေ့ရဖို့ ခက်ခဲသွားတော့ မှာဖြစ်သလို အီရန်အနေနဲ့ကလည်း ရှေ့ဆက်သွားပြီး နျူကလီးယားသဘောတူစာချုပ်ကို ဖောက်ဖျက်တော့ မယ်လို့ ခြိမ်းခြောက်လာခဲ့ပါတယ်။

 

စိတ်အားထက်သန်မှုမရှိ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိ်ုင် ကလည်း ၎င်းရဲ့အစိုးရအဖွဲ့ အကြီးအကဲတွေ အတွင်းမှာ အီရန်အရေးနဲ့ပတ်သက်လို့ နှစ်ခြမ်းကွဲ နေတယ်ဆိုတာကို သိရှိပြီးဖြစ်နေသလို သတင်း မီဒီယာတွေမှာ ဖော်ပြနေတဲ့အတိ်ုင်းသာဆိုရင် ထရမ့်ဟာ စစ်မက်ဖြစ်ပွားဖို့ သိပ်ပြီး စိတ်အားထက် သန်မှု မရှိလှပါဘူး။ ပြီးတော့လည်း ပြည်ပနိုင်ငံတွေ နဲ့ စစ်ရေးအရ ငြိစွန်းမှုတွေကို ဆန့်ကျင်တဲ့ထရမ့်ရဲ့ သဘောထားဟာ လူသိများပါတယ်။ သို့ဖြစ်ပေမယ့် အကယ်၍ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေ တိုက်ခိုက်ခံရပြီဆိုရင်တော့ မစ္စတာထရမ့်က နောက်ဆုတ်မယ့်သဘောမျိုး မတွေ့ရသလောက်ပါပဲ။

 

စစ်ရေးလှုပ်ရှားမှုတွေ ရပ်နားဖို့ပြင်

 

အမေရိကန်ရဲ့ အဓိကကျတဲ့ အရှေ့အလယ် ပိုင်းမဟာမိတ်တွေဖြစ်ကြတဲ့ အစ္စရေးနဲ့ ဆော်ဒီ အာရေဗျတို့က ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘေးကနေ ကောင်းချီးပေးကောင်းပေးနေနိုင် ပေ မယ့် တစ်ဖက်မှာတော့ သမ္မတထရမ့်ရဲ့ ဥရောပ မိတ်ဆွေတွေကတော့ စစ်ရေးဆီ ဦးတည်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ရတက်မအေး ဖြစ်နေရပါတယ်။ တင်းမာမှုတွေ မြင့်တက်လာ နေတဲ့အခြေအနေတွေအရ အမေရိကန်နိုင်ငံသား တွေနည်းတူ စပိန်၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတွေ က ဒေသအတွင်းမှာ စစ်ရေးအရလှုပ်ရှားမှုတွေကို ရပ်နားလိုက်ဖို့ ခြေလှမ်းပြင်နေကြပြီဖြစ်ပါတယ်။

 

လက်ရှိမှာ အီရန်နဲ့အမေရိကန်တို့အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ အစမ်းသဘော ဇာတ်တိ်ုက်လေ့ကျင့်ရမယ့် အခြေအနေမျိုး ဖြစ်ဟန်မရှိပါဘူး။ ဒါပေမယ့် လက်ရှိဖြစ်နေတဲ့ ပဋိပက္ခအခြေအနေမျိုးကို ၂၀ဝ၃ခုနှစ်မှာဖြစ်ပွားခဲ့ တဲ့ အီရတ်စစ်ပွဲနဲ့ သွားပြီးနှိုင်းယှဉ်နေလို့လည်း အကျိုးမရှိနိုင်ပါဘူး။

 

ပြင်းပြင်းထန်ထန် တုံ့ပြန်လာနိုင်အီရန်ရဲ့ တုံ့ပြန်မှုကြောင့် လေကြောင်းနဲ့ ရေကြောင်းဆိုင်ရာ ပဋိပက္ခ တစ်ခုဖြစ်ပွားလာ နိုင်သလို ဒေသတွင်းတစ်ခုလုံးကိုလည်း မီးဟုန်းဟုန်း တောက်လောင်သွားစေနိုင်တယ်လို့ အချို့က ထင်မြင်ယူဆနေကြတာရှိပါတယ်။ အကယ်၍သာ အမေရိကန်ရဲ့ အကျိုးစီးပွားကို တိုက်ခိုက်လာမယ် ဆိုရင်တော့ ပြင်းထန်တဲ့ တုံ့ပြန်မှုရှိလာမယ်ဆိုတဲ့ သတိပေးခြိမ်းခြောက်မှုကတော့ လိုအပ်တယ်လို့ ပြောလို့ ရတာမှန်ပေမယ့် စစ်ပွဲဆီ လုံးလုံးလျားလျား ဦးတည်နေတာမျိုးမဟုတ်ဘူးလို့ နည်းဗျူဟာ ပါရဂူတွေက မှတ်ချက်ချခဲ့ပါတယ်။

 

ရှင်းရှင်းလင်းလင်းဖြစ်သင့်တဲ့အချက်တစ်ခုကတော့ စစ်မက်ဖြစ်ပွားမှုဆီ သွားနေတယ်ဆိုတာ မျိုးမရှိဘူးဆိုတဲ့ အချက်ဖြစ်ပြီး အီရန်ရော အမေရိ ကန်ကပါ ပဋိပက္ခနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့ အပိုင်းမှာ သတိကြီးကြီး ထားဖို့လိုအပ်မှာဖြစ်တယ် လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်လျက်ရှိပါတယ်။ ။

 

ကိုးကား-အေအက်ဖ်ပီ၊ ဘီဘီစီ